question & answer

Q:

JLPT ဆိုတာ ဘာလဲ?

A:

JLPT ရဲ့ အရှည်ကောက်က Japanese Language Proficiency Test လို့ခေါ်ပြီး နိုင်ငံတကာ အသိအမှတ်ပြုုဂျပန်စာ အရည်အချင်းစစ် စာမေးပွဲဖြစ်ပါတယ်။ နိုင်ငံပေါင်း ၈၆ နိုင်ငံ ၊ မြို့ပေါင်း ၂၉၆ မြို့မှာ တစ်ပြိုင်တည်း ကျင်းပတဲ့ စာမေးပွဲ ဖြစ်ပါတယ်။ နှစ်စဥ◌် ၇လပိုင်း နှင့် ၁၂လပိုင်း ရဲ့ ပထမအပတ် တနဂ်နွေနေ့မှာ ကျင်းပလေ့ ရှိပါတယ်။ စာမေးပွဲကြေးကတော့ မြန်မာငွေနဲ့ ၂သောင်း နှင့် ၂သောင်း ခွဲရှိပြီး လယ်ဗယ် အလိုက် စာမေးပွဲကြေးကွာခြားပါတယ်။ လယ်ဗယ် ၅ခုရှိပါတယ်။ - အခြေခံ မှ စပြီ N5 - N4 - N3 - N2 နှင့် - ထိပ်ဆုံး လယ်ဗယ် N1 အထိ ရှိပါတယ်။ JLPT ‌အောင်လက်မှတ် N4 ရှိရင်တော့ ဂျပန်နိုင်ငံ ကို အလုပ်အကိုင် အခွင့်အလမ်း ‌ပြောများစွာ ချိတ်ဆက်သွားရောက်နိုင်ပါတယ်။ ဗီဇာ အမျိုးအစားနဲ့လိုက်ပြီးတော့ ‌အေးဂျင့်သို့ ၀န်ဆောင်ခ ဒေါ်လာ ၂၈၀၀ သို့ မဟုတ် ၁၅၀၀ ‌ပေးသွင်းရပါတယ်။ N1 ‌အောင်ထားတဲ့သူဆိုရင်တော့ ဂျပန်နိုင်ငံကို Work Visa ဖြင့် အလုပ်တိုက်ရိုက် ‌လျောက်ထားနိုင်ပါတယ်။ ဂျပန်ကို ‌ကျောင်းသွားတက်ချင်တဲ့သူတွေအတွက်လည်း မဖြစ်မနေ ‌ေဖြေဆိုထားရမယ့် စာမေးပွဲဖြစ်ပါတယ်။ ဂျပန်မသွားချင်ဘူး ၀◌ါသနာပါလို့ ဂျပန်စာ တတ်ထားချင်တဲ့သူတွေလည်း ဒီစာမေးပွဲကို ‌ေဖြေဆိုဖို့ လိုအပ်ပါတယ်။ မြန်မာပြည် ပြည်တွင်းသာမက အခြားနိုင်ငံတွေမှာ ဂျပန်စာ နှင့် အလုပ်ခန့်သော အလုပ်များတွင် JLPT Level ဖြင့် လစာ သတ်မှတ်ပြီး အလုပ်ခေါ်တာများပါတယ်။ နောက်ဆုံးအနေနဲ့ လယ်ဗယ် တစ်ခုခြင်းစီ အချိန်ဘယ်လောက်ယူပြီးလေ့လာရမလဲဆိုတာနဲ့ ပက်သက်ပြီး ရှင်းပြချင်ပါတယ်။ N5 : ‌လေ့လာချိန် ပုံမှန်ဆိုရင် ၃လ N4 : လေ့လာချိန် ပုံမှန်ဆိုရင် ၃လ N5မှ N4 အထိ တက်ပြီးမှ N4 ကို တန်းဖြေချင်ရင်လည်းရပါတယ်။ N3 : ‌လေ့လာချိန် ၆လလောက်ယူရမယ် N2 : လေ့လာချိန် ၁နှစ်လောက်ယူရမယ် ( စာတော်တဲ့သူတွေဆိုရင်တော့ ၁နှစ်မကြာပါဘူး) N1 : လေ့လာချိန် ၁နှစ်မှ ၂နှစ် (စာတော်ရင်တော်သလို အချိန်တိုနိုင်ပါတယ်) ပုံထဲမှာပါတဲ့ အနီစက်လေးတွေ ပြထားတဲ့နေရာတွေကတော့ JLPT ‌ေဖြေဆိုလို့ ရနိုင်တဲ့ နိုင်ငံနဲ့ မြို့တွေဖြစ်ပါတယ်။ အဲဒီမှာ ထူးခြားတာက ‌ေတောင်ကိုရီးယား နိုင်ငံက မြို့ပေါင်း ၂၄မြို့လုံးမှာ JLPT ‌ေဖြေဆိုလို့ရတယ်။ ကိုရီးယားတွေ ‌ေတော်တော်များများက ဂျပန်စာကို သင်ယူကြတယ်ဆိုတာ သိနိုင်ပါတယ်။

Q:

အွန်လိုင်းကနေ ဘယ်လိုသင်ကြားပေးမှာပါလဲ ?

A:

Fb Unit Group ထဲမှာ သင်ခန်းစာတွေကို Video File နဲ့သေချာရှင်းပြထားတာတွေကို လေ့လာရပါမယ်ရှင့် / တပတ်နှစ်ရက် Messanger Group ကနေ Video Call ခေါ်ပြီး ကျောင်းသားတယောက်ချင်းစီကို စာမေးတာ စာစစ်တာတွေလုပ်ပေးပြီး မရှင်းတဲ့ သင်ခန်းစာတွေကို Video Call နေ့မှာတခါတည်းမေးလို့ရပါတယ် ကျန် 5ရက်မှာတော့ စာကျက် / အိမ်စာတွေ လုပ်ပေးရပါမယ်

Contacts

  • No(71), Room A, 6th Floor, Upper Pazundaung Road Mingalar Taung Nyunt Township,Yangon.

  • +959 251801804, +959 251801805

  • info@pkteducationcenter.com